Skip to content
Venice of the East and its Flood Flooded Future (ရေဘေးဝန်းရံနေတဲ့  အရှေ့တိုင်းရဲ့ ဗင်းနစ်)
11/22/09
By Khin Khin Myat Thu Hlaing, Myanmar
Sitting gracefully on the delta of River Chao Praya is Venice of the East or Bangokok, the capital of Thailand. Thanks to the government’s rigorous efforts , the sinking rate of  this “City of Angels” has been slowed. Regardless, the scientists and the experts foresee the imminent flood studded future due to climate change in a decade while the concerned authorities remain confident that the current measures would protect the city  for at least 3 decades. Among the debates, the fate of the Venice of East remains controversial. Please follow this interesting article here. What follows is the translation of the article in Myanmar.
အပြည်ပြည်ဆိုင်ရာနဲ့ နိုင်ငံ တွင်း ကျွမ်းကျင်သူတွေကတော့ အဓိကတရားခံဟာ Climate Change ပါတဲ့ ။
ဒီလထုတ် World Wildlife Fund (WWF) ရဲ့ ´ Mega-Stress for Mega Cities´ လို့ ခေါ် တဲ့ နောက်ဆုံး စာတမ်းမှာတော့ Dhakha (ဒါကာ)Manila(မနီလာ) နဲ့ Jakata(ဂျာကာတာ) ကို ရာသီဥတုဖောက်ပြန်မှုရဲ့ ပထမသားကောင် တွေအဖြစ်ဖေါ်ပြထားပါတယ်။
ဘန်ကောက်၊ ကိုးလ်ကတ်တား(Calcutta)  ဖနွမ်းပင်နဲ့ ဟို ချီမင်းတို့ ကတော့ဒုတိယလိုက်ပါတယ်။
ကော်လိုရာဒိုတက်ကသိုလ် Institute of Arctic and Alpine Research ရဲ့ နောက်ဆုံးစာတမ်းမှာလဲ Chao Phraya ၇ဲ့မြစ်ဝကျွန်းပေါ်ဟာ တစ်နှစ်ကို ၂လက်မကနေ ၆လက်မအထိမြုပ်နေတယ်လို့ ဖေါ်ပြထားပါတယ်။
ရာသီဥတုဖောက်ပြန်မှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို လေ့လာဆန်းစစ်တဲ့  နိုင်ငံတကာအစိုးအရအဖွဲ့ အစည်း၁ခုဖြစ်တဲ့  IPCC (The Intergoernmental Panel on Climate Change) ကလဲ ဘန်ကောက်ကိုပင်လယ်ရေမျက်နှာပြင်မြင့် တက်မှုကြောင့်နစ်မြုပ်သွားနိုင်တဲ့ မြို့ ကြီး ၂၀မှာကို နံပါတ် ၁၃ အဖြစ်လျာထားပါတယ်။
Bangkok’s Chulalongkorn University က ပရော်ဖက်ဆာ Danai Thaitakoo ကတော့  ဒီလို့ ဖြစ်ရတာ ဘန်ကောက်ရဲ့ မြို့ ဖွဲ့ စည်းပုံ၊ တစ်မြို့ လုံးအနှံ့ ရှိနေတဲ့  ဥမင်လိုဏ်ခေါင်းတွေနဲ့  ပြင်းထန်တဲ့ မုတ် သုန်ရာသီဥတုတို့ ကြောင့်ပါတဲ့ ။ ကမ်းရိုးတန်းရေတိုက်စားမှုကလဲဒီအခြေအနေကို ပိုဆိုးစေပါတယ်။ အစိုးရအနေနဲ့ ငွေကုန်ကြေးကျခံပီး အကာအကွယ်တွေတည်ဆောက်မလား လူတွေကိုဖယ်ခိုင်းမလား စဉ်းစားစရာပါ။
မိုးလေ၀သနဲ့ ဇလဗေဒ ၀န်ကြီးဟောင်း Samith Dharmasaroja က မြို့ ကြီးကိုကယ်တင်ဖို့ ရာအချိန်သိပ်မရှိတော့ပါဘူးတဲ့ ။ ဒီရေမြင့်တက်မှုတွေနဲ့ ရေကြီးမှုတွေကနောင်နှစ်ပေါင်း ၁၅၊ ၂၀ အတွင်းဘန်ကောက်ကိုနှစ်မြုပ်ပစ်လိုက်မှာပါ။ Samith က ဒီလို ခန့် မှန်းမှုမျိုးကိုလွန်ခဲ့ တဲ့ နှစ်အနည်းငယ်ကလဲပြုလုပ်ခဲ့ ပါသေးတယ်။ ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးတဲ့ ထိုင်းရဲ့ တောင်ဘက်ကမ်းရိုးတန်းဒေသတွေကို မုန်တိုင်းတွေဒဏ်ကကြိုတင်ကာကွယ်ဖို့ သူ့ ရဲ့ သတိပေးချက်တွေကို ၂၀၀၄ ခုနှစ် ကြောက်မက်ဖွယ် ဆူနာမီအိမ်မက်ဆိုးကြီးမတိုင်ခင်အထိဘယ်သူမှအလေးမထားခဲ့ကြပါဘူး။
သူကအစိုးရကို နယ်သာလန်မှာလို ရေကာတံတိုင်းအကြီးကြီးတွေဆောက်ဖို့ တိုက်တွန်းထားပါတယ်။ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ ၃.၀၃ ဘီလျံနီးပါးရှိမှာပါ။
အခုမှမစရင်အရမ်းနောက်ကျသွားနိုင်ပါတယ်။ ပင်လယ်ရေ ကအချိန်မရွေးမြင့်တက်လာနိုင်သလို ဆောက်ဖို့ လဲအခက်အခဲတွေရှိလာနိုင်ပါတယ်။ဒါဆိုရင် တစ်မြို့ လုံးထာဝရပျောက်ကွယ်သွားမှာပါ။
Smith လို ပဲ ဘန်ကောက်မြို့တော်ဝန်ဟောင်း လက်ရှိ အာရှ သဘာဝဘေးအန်တရာယ် ကာကွယ်ရေးစင်တာ ရဲ့ ဥကဌ Dr.Bhijit ကဘန်ကောက်အရေးတွေးပူလျက်ရှိပါတယ်။
တောင်ဘက်က်မြင့် တက်လာတဲ့ ပင်လယ်ရေတွေနဲ့ မြောက်ဘက်ကစီးဆင်းလာတဲ့ တောင်ကျရေတွေ က မြို့ ကြီးကိုနှစ်ဘက်ပိတ်လိုက်နိုင်ပါတယ်။ မြောက်ဘက်ကတောင်ကျရေတွေကို တောင်ဘက်ပင်လယ်ထဲဖောက်ထုတ်ပစ်ဖို့ ရက်ပေါင်းများစွာကြာနိုင်ပါတယ်။အဲဒီအတောအတွင်းဘန်ကောက် တစ်မြို့ လုံးရေအောက်ရောက်နေမှာပါ။ သူက အစိုးရအနေန နဲ့ပြည်သူတွေကိုကြိုတင်အသိပေးပီး ပညာပေးတွေလုပ်ထားသင့်တယ်လို့ ထင်ပါတယ်။
Chalalonkom University က Prof. Danai ကဒီလိုလုပ်မယ်ဆို အိမ်ခြံမြေဈေးကွက်လောကကိုအကြီးအကျယ်လှုပ်ခတ်နိုင်ပီးစီးပွားရေးကိုလဲထိခိုက်နိုင်ပါတယ်တဲ့ ။
ဒီလို စိုးရိမ်ပူပန်မှုတွေရှိနေပေမဲ့ လဲ ဘန်ကောက်မြို့ ပြအုပ်ချုပ်ရေး( Bangkok Metropolitan Ahthority)ရဲ့ အင်ဂျင်နီယာတွေကတော့ မကြာခင်လုပ်မဲ့  ပြုပြင်ပြောင်းလဲမှုတွေက နောင်နှစ်ပေါင်း ၃၀ အတွင်းမြို့ ကြီးကိုဘာမှမဖြစ်အောင်တာဝန်ယူနိုင်တယ်လို့ ယုံကြည်ပါတယ်တဲ့ ။ အခုဆို ရင် Chao Phraya river ၁လျှောက်မြင့်တက်လာမဲ့ ပင်လယ်ရေတွေကို အပြည့်အ၀ကာကွယ်ပေးနိုင်တဲ့ ၇၀ ကီလိုမီတာ ရှည်တဲ့ ရေကာတံတိုင်းတွေဆောက်နေတာ နောက်ဆုံးအဆင့်ကိုရောက်နေပါပီ။ အာဏာပိုင်တွေကတော့ ဒီလို ခန့် မှန်းမှုတွေကို ယုံကြည်တဲ့ ပုံမပေါ်ပါဘူး။ ပိုတိကျသေချာတဲ့  သုတေသနတွေလုပ်ပီး ခိုင်မာတဲ့ အဖြေ၁ခုထွက်လာမှ ပညာရှင်တွေနဲ့ သေချာထပ်စကားပြောချင်ပါတယ်တဲ့ ။
Advertisements
No comments yet
Leave a Reply
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s
%d bloggers like this: