Skip to content

Voice of Children ( လူငယ့်အသံ)

11/26/09
by Khin Khin Myat Thu Hlaing, Myanmar
160 children from 44 different developed and developing countries are gathering in Copenhagen, Denmark from November 28 to December 4 to participate in Children Climate forum. It is an event organized by UNFCCC and Copenhagen city with the ultimate goal of the children’s voice being heard in International Climate Conference. These young delegates will actively involve in several exciting events, draft a declaration to be presented to the President of COP-15 and impact the paramount decision. Please learn more here.Below is the translation in Myanmar.
Indiana ပြည်နယ်၊ Greencastle, DePauw University က East College ရဲ့ Basement စာသင်ခန်း ထဲမှာ မျှော်လင့်ချက်နဲ့ တောက်ပနေတဲ့မျက်လုံးတွေ၊ ယုံကြည်မှုအပြည့်နဲ့ မျက်နှာတွေနဲ့ ဆွေးနွေးတိုင်ပင်နေကြတာကတော့ Prof. Kelsy Kauffman နဲ့  သူ့ ရဲ့  India, China, Myanmar နဲ့  American တပည့်ကျော်တွေပါ။ သူတို့ ဘာတွေဆွေးနွေးနေကြပါလိမ့်?
အခုလာမယ့် ဒီဇင်ဘာ ကန်ဘာ့ Climate Change Conference မှာ ဘယ်လို ပါဝင်မယ်၊ Hindi, Chinese, Myanmar, French language တွေနဲ့ ကန်ဘာကြီးကိုဘယ်လို report ပြန်လုပ်မယ်ဆိုတာတွေပါ။ ဒီ International Climate Policy Class လေးဟာ နိုင်ငံပေါင်းစုံကလူငယ်တွေနဲ့ ဖွဲ့ စည်းထားတာပါ။ ဒီ Semester တစ်ခုလှုံး နိုင်ငံတကာ ရာသီဥတုဆိုင်ရာ ဥပဒေတွေကိုလေ့လာခဲ့ပြီးအခု ကိုပေဟီဂန်ညီလာခံကိုတက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ သူတို့ ဟာကမ္ဘာ့ခေါင်းဆောင်တွေ ဒီပြသနာကြီးကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်ဆိုတာစောင့်ကြည့်ရုံသာမက တွေ့ ဆုံမေးမြန်းမှုတွေပြုလုပ်ပြီး လူငယ်လှုပ်ရှားမှုတွေကိုလည်းမျက်ခြေမပြတ်စောင့်ကြည့်ပါဝင်ကြမှာပါ။

ဟုတ်ပါတယ်။Climate Change ဆိုတာ ကန်ဘာမြေကြီးကိုစိန်ခေါ်နေတဲ့ကြောက်မက်ဖွယ်အိမ်မက်ဆိုးကြီး သာမက အခုလက်ရှိနဲ့  နောင်လာမယ့်မျိုးဆက်နှစ်ခုကြားက အကြီးဆုံးပြသနာ( trans-generational conflict) ဆိုရင်လဲမမှားပါဘူး။ အခုဖွံ့ ဖြိုးဆဲနိုင်ငံတွေမှာကြုံတွေ့ နေရတဲ့ ရင်နင့်ဖွယ်ဖြစ်ရပ်တွေဟာ နောင်နှစ်ပေါင်း ၅၀ ဆို ရင်တကမ္ဘာလုံးအနှံ့ မလွဲမသွေရင်ဆိုင်ရတော့မှာပါ။

Climate Change ကိုထိထိရောက်ရောက်အရေးယူဆောင်ရွက်မယ့် တကန်ဘာလုံးဆိုင်ရာဥပဒေချမှတ်ဖို့ နှောင့်နှေးကြန့်ကြာနေ ပေမယ့် အနာဂတ်ရဲ့အိမ်မက်ဆိုးကြီးတွေကိုမျက်ဝါးထင်ထင်မြင်တွေ့ ရမယ့် မျိုးဆက်သစ်လူငယ်လေးတွေ ကတော့ကမ္ဘာ့ခေါင်းဆောင်တွေကိုနားချဖို့ သူတို့ တတ်စွမ်းသလောက်ကြိုးစားနေကြပါတယ်။
လတ်တလော ပြီးသွားတဲ့ Climate Negotiations တွေဖြစ်တဲ့  UN High Level Event ( September 22-23, UN Headquarters, NY,USA), G 20 summit ( September 24-25, Pittsburg, Pensylvenia, USA), Bangkook Climate Change Conference ( September 28-October 9, Bangkok, Thailand) နဲ့  Barcelona Climate Change Meeting ( November 2-6, Barcelona , Spain) တွေကိုကြည့်ရင် နောင်လာမယ့် အကျိုးဆက်တွေကိုအကောင်းဆုံးကိုင်တွယ်ဖြေရှင်းပေးဖို့  မျှော်လင့်ချက်ကြီးစွာ ကြိုးစားနေတဲ့လူငယ်လေးတွေကိုတွေ့ ရမှာပါ။
ဒါတင်မက အခုလောလောဆယ် ဖွံ့ ဖြိုးပြီးနဲ့ ဖွံ့ ဖြိုးဆဲ နိုင်ငံပေါင်း ၄၄ နိုင်ငံက ကလေးငယ် ၁၆၀ ဟာ နိုဝင်ဘာ လ ၂၈ ရက်နေ့ ကနေ ဒီဇင်ဘာ လ ၄ရက်နေ့အထိ ဒိန်းမတ်နိုင်ငံ ကိုပေဟီဂန် မှာကျင်းပနေတဲ့ Children’s Climate Forum မှာပါဝင်လျက်ရှိပါတယ်။
ဒီကိုယ်စားလှယ်တော်လေးတွေဟာ နိုင်ငံတွင်း ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ဆိုင်ရာ အချက်အလက်စုဆောင်းမှု အလုပ်ရုံဆွေးနွေးပွဲ(work shop)တွေ၊ ညှိနှိုင်းဆွေးနွေးပွဲ(negotiations) တွေမှာတက်ကြွစွာပါဝင်ပြီးပါပြီ။ ဒီ Forum အပြီးမှာတော့ သူတို့ လေးတွေဟာ Copenhagen Climate Change Conference ရဲ့ ဥက္ကဌကြီးဆီိကိုတင်သွင်းဖို့ အဆို ပြုချက်ရေးဆွဲမှာပါ။ ဌာနေပြန်ရောက်တဲ့ အခါမှာလဲ လူငယ် Climate ကိုယ်စားလှယ်တော်လေးတွေအဖြစ် ဒေသနဲ့ နိုင်ငံ အတွင်းလှုပ်ရှားမှုတွေဆက်လုပ်ကြမှာပါ။ သူတို့ထဲက တချို့ ကတော့ ကိုပေဟီဂန်အစည်းအဝေးရဲ့ပထမအပတ်ညှိနိုင်းဆွေးနွေးပွဲတွေမှာပါဝင်ခွင့်ရမှာပါ။

ဒီ Forum ရဲ့ အဓိကရည်ရွယ်ချက်က ဖွံ့ ဖြိုးပြီးနဲ့ ဖွံ့ ဖြိုးဆဲ နိုင်ငံက ကလေးငယ်တွေရဲ့  ခံယူချက်ကို ကန်ဘာ့ထိပ်သီးညီလာခံကြီးမှာကြားရပြီး အရေးကြီးတဲ့ဆုံးဖြတ်ချက်မှာပါဝင်ခွင့်ရဖို့ ပဲဖြစ်ပါတယ်။ ဒီလို မျိုးဆက်သစ်လေးတွေရဲ့ သူတို့ တက်စွမ်းသလောက်တက်တက်ကြွကြွနဲ့  ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ကြီးကိုဖြေရှင်းဖို့ ကြိုးစားနေတာေ တွကိုကြားရတာရင်ခုန်ပီတိဖြစ်စရာပါ။ကမ္ဘာ့ခေါင်းဆောင်တွေလဲသူတို့ လေးတွေရဲ့ဆန္ဒကိုမြန်မြန်ဖြည့်ဆည်းပေးလောက်ပါ ရဲ့ ။
Advertisements
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: