Skip to content

With our thumping hearts

12/01/09

By Khin Khin Myat Thu Hlaing, Myanmar

Today, UN’s environment chief Achim Steriner said that he was pretty optimistic about reaching both politically and scientifically binding agreement at Copenhagen.

Though the current propositions by the U.S and China seem fairly behind those of the EU, no one ever knows what will happen at the upcoming negotiations; this is the first time the biggest polluters have stepped up and we should wait and see if the negotiators could bargain Mr. Obama and Mr.Hu, with our thumping hearts.

Below is the translation in Myanmar.

ဒီနေ့  UN ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြီးအကဲ Achim Steriner က ကိုပေဟီဂန်မှာ အားလုံးကိုကျေနပ်စေလောက်မဲ့ အဖြေတစ်ခုတော့ရမယ်ဆို တာယုံကြည်ပါတယ်လို့ ပြောသွားပါတယ်။

ဂျီနီဗာမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအဖွဲ့ တွေနဲ့ တွေ့ ဆုံအပြီး သူယုံကြည်ချက်တွေခိုင်မာသွားတာပါ။

သိပ်ပံပညာရှင်တွေရဲ့ အဆိုအရ တစ်ကန်ဘာလုံးအနေနဲ့  လက်ရှိ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွတ်မှုတွေကို ၂၀၂၀ ခုနှစ်မတိုင်ခင် ၂၅% ကနေ ၄၀ %အထိလျှော့ချပစ်ဖို့ လိုပါတယ်။ လောလောဆယ်မှာတော့ အမေရိကန်က ၄ရာခိုင်နှုန်း နဲ့ တရုတ် က ၂၀ ရာခိုင်နုန်း လျှော့မယ်လို့ ကတိပေးထားကြပါတယ်။ ဥရောပနိုင်ငံတွေနဲ့ ယုဉ်ရင် အမေရိကန်နဲ့ တရုတ်တို့ ကတိပေးထားတဲ့  target တွေက နဲနေသေးပေမဲ့  ဒါအလွန်ကောင်းတဲ့ အလားအလာပါ။ ဘာဖြစ်လို့ လဲဆိုရင် ဒီ  ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်နေတဲ နေရာမှာ နံပါတ် ၁ နဲ့ ၂ ပြေးနေတဲ့ဒီနိုင်ငံကြီး နှစ်နိုင်ငံက နိုင်ငံတကာ ရာသီဥတူပြောင်းလဲမှုဆိုင်ရာဆွေးနွေးပွဲတွေမှာ တော်တော်ကြာရှောင်ပြေးနေခဲ့ ပီး ဒါပထမဆုံး အကြိမ်ကမ်းလှမ်းမှုပါပဲ။ သူတို့ ဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုမှာတင်မက ကမ္ဘာ့စီးပွားရေးမှာလဲ အဓိကဦးဆောင်သူတွေဖြစ်နေတော့သူတို့ မပါလာသေးသရွေ့ တခြားနိုင်ငံတွေ အနေနဲ့ ငုတ်တုတ်မေ့နေရတဲ့ အခြေအနေပါ။ အခု သူတို့ကလိုလိုလားလားဖြစ်လာပီဆိုတော့  ကိုပေဟီဂန် ညီလာခံမှာ နောက်ထပ်ရှေ့ ဆက်တိုးဖို့ အလားအလာအများကြီးရှိသွားပါပြီ။

Steriner က နောက်လာမယ့်ရက်အနည်းငယ်အတွင်းဘာတွေဆက်ဖြစ်လာမယ်ဆိုတာ ဘယ်သူမှမသိနိုင်ပါဘူးတဲ့ ။ သူခန် မှန်းထားသလိုသာဆိုရင် ကျွန်မတို့ ရဲ့ မျိုးဆက်သစ်တွေအတွက်ရင်အေးရမှာပါ။ ဒီနိုင်ငံကြီးနှစ်နိုင်ငံကိုဒီထက်ပိုများများလျှော့ချဖို့ နားချနိုင်မချနိုင်ဆိုတာရင်ခုန်စောင့်စားကြည့်ကြပါစို့ ။

Advertisements
No comments yet

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: