Skip to content

ိDoubt? ယုံမှားသံသယ

12/08/09

Following is a girl from the global south’s first impression on UN cop 15 opening ceremony translated in Myanmar.

ကိုပေဟီဂန်မြို့ ရဲ့ ကျက်သရေဆောင် Bella Center   ရဲ့ အဓိကခန်းမကြီးရဲ ၀င်ပေါက်ရှေ့ မှာစိတ်လှုပ်ရှားစွာစောင့်မျှော်နေတာကတော့ရှည်လျားကွေ့ ကောက်လှတဲ့ လူတန်းကြီးပါ။ ဒီလူတန်းကြီးရဲ့ ရှေ့ ဆုံးမှာ ကျွန်မလဲ ခေါင်းတမော့မော့လည်တဆန့် ဆန့် နဲ့  တ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုဆွေးနွေးပွဲရဲ့ ဖွင့်ပွဲအခန်းအနားကိုစောင့်မျှော်နေပါတယ်။ ဖွင့်ပွဲက ၁၀နာရီစမှာဖြစ်ပေမယ့် မနက် ၈နာရီကတည်းကတန်းစီနေကြတာပါ။ ကိုးနာရီခွဲသွားပါပီ။ဝင်ရတော့မယ်ဆိုတဲ့ အသိနဲ့ အားလုံးလှုပ်လှုပ်ရွရွဖြစ်နေကြပါတယ်။ အဲဒီအချိန်မှာ လုံခြုံရေးကရုတ်တရက် ကျွန်မတို့ မှာရှိပြီးသား ကဒ်အပြင် ဒုတိယကဒ်၁ခုရှိမှပေးဝင်ပါမယ်တဲ့ ။လူတွေအကုန်လုံးရုတ်ရုတ်သဲသဲဖြစ်သွားပြီးဘယ်လိုဖြစ်တာလဲ တို့ လဲဘာမှမသိရပါလားမေးတော့ ၇ပေနီးပါးမြင့်တဲ့ လုံခြုံရေးခေါင်းဆောင်က သူလဲမသိပါဘူးတဲ့  ဒီမနက်မှထုတ်ပြန်တဲ့ သတင်းပါတဲ့ ။ တန်းစီနေတဲ့ လူတွေထဲကစောစောရောက်တဲ့ လူတွေကိုတော့နေရာမပြည့်သေးရင်ပေးဝင်ပါမတဲ့ ။

ဒါနဲ့ အကုန်လုံးလက်မှတ်ရမယ့်နေရာကိုအပြေးအလွားသွားကြပါတယ်။ အရှေ့ ဆုံးရောက်နေတဲ့ ကျွန်မဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားပါတယ်။ ကိုယ်ရထားတဲ့ နေရာပျောက်သွားမှာလဲကြောက်မ၀င်ရမှာလဲစိုးနဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပါဘူး။ နောက်ဆုံး ကံကိုယုံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကိုယ်ရထားတဲ့နေရာလေးမှာအိတ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း တတ်သမျှဘုရားဂုဏ်တော်တွေကိုပွားများရင်း လုံခြုံရေးတွေကိုမေတာပို့ နေရပါတော့တယ်။ လက်မှတ်ရလာပြီ့း ပြန်လာတဲ့ လူတွေကျတော့ပါလာသမျှတွေအကုန်သွားပြန်ထားရပါမတဲ့ ။ကုတ်၊ Laptop cellphone အကုန်ုထားခဲ့ရပါမတဲ ။ ဒါန့ဲပဲမောမောပန်းပန်းနဲတခေါက်ကုတ်လက်ခံတဲ့ ကောင်တာဆီပြေးကြရပြန်ပါတယ်။

သူတို့ ကိုကြည့်ရင်းငါတော့သွားပါပြီဆိုတဲ့ အတွေးနဲ့ ခဲလေသမျှသဲရေကျမတတ်မိပါတယ်။ အဲဒီအချိန်မှာပဲမြတ်စွာဘု၇ားတန်ခိုးတော်နဲ့ လုံခြုံရေးအကြီးအကဲရောက်လာပြီး ကျွန်မတို့ ကိုပေးဝင်ပါတယ်။ သဘောကောင်းသွားလိုက်ပုံကတော့အိတ်တောင်ဘာမှမစစ်ဆေးတော့ပါဘူး။

ဝမ်းသာလွန်းလို့အပြေးတပိုင်းပြေးဝင်သွားတာ နာမည်ကဒ်ပြားတောင်ပြုတ်ကျပါတယ်။ အထဲကိုရောက်တော့လူ ၅၀၀ဆံ့တဲ့ ကြီးကျယ်ခန်းနားတဲ့ ခန်းမကြီးကိုရင်သပ်ရှုမောဖွယ်တွေ့ ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ူlaptop ရော camera ရောပါသွားလို့ အနီးအနားကလူတွေကဓာတ်ပုံဝိုင်းရိုက်ခိုင်းကြပါတယ်။ ပိုက်ဆံသာယူလို့ ကတော့သူဌေးဖြစ်မယ့်ကိန်းပါပဲ။

အခန်းအနားစတာနဲ့ Denmark က ကလေးတွေဖန်တီးထားတဲ့ ရုပ်ရှင်တိုလေးကိုပြပါတယ်။ ပျက်စီးယိုယွင်းလာတဲ့  ကမ္ဘာကြီးက နောင်လာမယ့်မျိုးဆက်သစ်တွေကို ဘယ်လိုခြိမ်းခြောက်နေတယ်ဆိုတာရင်နင့်ဖွယ်ရိုက်ပြထားတာပါ။ ပြီးတော့ ဒိန်းမတ်ရဲ့  အံ့သြဖွယ်အသံပိုင်ရှင်သမီးပျိုဖြူလေးများကနိုင်ငံတော် choir နဲ့ ဖျော်ဖြေပါတယ်။

ဒိန်းမတ်နိုင်ငံဝန်ကြီးချုပ်နဲ့ မြို့ တော်ဝန်တို့ ရဲ့ အဖွင့်စကားကြားရတာအားကျအတုယူစရာပါ။လောလောဆယ် ကိုပေဟီဂန်မြို့ ရဲ့  လူဦးရေ ၅၀ % ဟာ ရုံးသွားရုံးပြန်သွားလာရေးအတွက် စက်ဘီးကိုသာအသုံးပြုကြပါတယ်။ လေစွမ်းအင်ကနေလဲ ၃၆၀၀၀၀ မဂ်ဂါဝပ်ရှိတဲ့ လျှပ်စစ်ဓာတ်အားကိုနှစ်စဉ်ထုတ်လွှတ်လျက်ရှိပါတယ်။ကိုပေဟီဂန်ဆိပ်ကမ်းကလဲသန့် ရှင်းလွန်းလို့ ရေတောင်ဆင်းကူးလို့ ရပါသတဲ့ ။ဒါပေမယ့် အခုသွားစမ်းကြည့်ရင်တော့အေးလွန်းလို့ ခဲသွားနိုင်ပါတယ်တဲ့ ..။

ပီးတဲ့ နောက်တော့ နိုင်ငံတကာ Climate Summit စပါတယ်။ ဖွံ့ ဖြိုးပြီးနိုင်ငံတွေရောဖွံ့ ဖြိုးဆဲနိုင်ငံတွေရောအုပ်စုအလိုက် ခံယူချက်တွေကိုတင်ပြတဲ့ အထဲမှာ ဆော်ဒီအာရေးဗျရဲ့ အဆိုပြုချက်ကစိတ်ဝင်စားစရာပါ။ သူကပြီးခဲ့ တဲ့ e-mail ဖောက်ခံရတဲ့ ကောလဟာလ (သိပ်မကြာခင်က IPCC ရဲ့ email တွေဖောက်ခံရပီး Climate Change နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေဟာမမှန်ဘူးလို့ဆိုပါတယ်) ဟာ လူတွေရဲ့ ရာသီဥတူုပြောင်းလဲမှုအပေါ်အမြင်ကိုပြောင်းလဲစေပါတယ်တဲ့ ။ က ကမ္ဘာ

လုံးဆိုင်ရာသဘောတူစာချုပ်ချုပ်ပြီး ကာဗွန်ထုတ်လွှတ်မှုတွေလျှော့ချ၊ Green Economy တွေဖန်တီးမယ်ဆိုရင် ဖြစ်ပေါ်လာမယ့် စွီးပွားရေး ဆုံးရှုံးမှုတွေကအင်မတန်ကြီးမားပါတယ်။ ဒါကြောင့်သူတို့ အနေနဲ့  ဘာ သဘောတူစာချုပ်မှမချုပ်ခင် တစ် ကမ္ဘာလုံးအနေနဲ့ ပြန်လည်သေချာစုံစမ်းစစ်ဆေးဖို့ လိုပါတယ်တဲ့ ။ အဲဒီအပြီးမှာတော့ ဖွင့်ပွဲပထမအစီအစဉ်ပြီးဆုံးသွားပါတယ်။

ခန်းမထဲကအထွက် ၁ယောက်ထဲအတွေးနယ်ချဲ့မိပါတယ်။ဆော်ဒီအာရေးဗျဆိုတာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကို အဓိကရေနံတင်ပို့ နေတဲ့ နိုင်ငံပါ။တစ် ကမ္ဘာလုံးကသာ ညီညီညွတ်ညွတ်နဲ့ စလုပ်ကြမယ်ဆိုရင်ရေနံကိုအဓိကအားထားတဲ့ နိုင်ငံတွေအရင်ဆုံးထိခိုက်မှာပါ။ ဒီလောက်ထင်ရှားနေတဲ့ သဘာဝဘေးအန်တရယ်တွေကိုဘာဖြစ်လို့များသံသယဖြစ်နေဦးမှာလဲလို့ တစ်ယောက်ထဲတွေးမိပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်မတို့ လို ဖွံ့ ဖြိုးဆဲနိုင်ငံတွေမှာရာသီဥတုပြောင်းလဲမှုကိုနေ့ စဉ်နဲ့ အမျှအပြင်းအထန်ခံစားနေရပါတယ်။ ဘာမှသံသယဖြစ်နေဖို့ မလိုပဲချက်ချင်းလုပ်ရမယ်ဆိုတဲ့အမှန်တရားကိုလူတိုင်းလက်ခံဖို့ မျှော်လင့်မိပါတယ်။

Advertisements
One Comment leave one →
  1. Htet Aung permalink
    12/08/09 12:28 pm

    It is so interesting and exciting. You’ve done a really fine piece.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: