Skip to content

As the Responsible Drag Their Feet…

12/16/09

As the historic convention nears its end,  tensions and confusions reign at the Bella Center.  Ian Fry, the chief negotiator of Tuvalu, recounted, ” I woke up early in the morning with tears streaming down my cheeks. The fate of my people and my country is entirely in your hand.”  He pleaded on behalf of  the 11000 Tuvalians who would be completely wiped out as the sea level rises.

During a press briefing, the African Parliamentarians were frantic with the fear that the super powers might kill off the Kyoto Protocol and invent a new text with unrealistic targets that might exacerbate the negative consequences of climate change the helpless Africans are experiencing.

And despite the increased restrictions and  security, youth activists are peppered throughout the Bella center reminding the negotiators  of the importance of making a fair, binding deal in all possible ways.Please think of my child's futureThe pregnant moms are asking the decision makers to think of their yet-to-be-born children’s future. There are also the young victims from the most vulnerable areas of the monstrous disasters moving into tears as they narrate the tragedies that confronted them.

All of these scenes are acted out as the responsible are dragging their feet.  With only three days more to go, it is dubious that the negotiators will ever come up with a scientifically, politically and ethically binding treaty.

စနေ့ နေ့  ကြ.Bella Center ထဲမှာတော့ ကိုယ်စားလှယ်တွေဆက်ဆွေးနွေးကြတယ်…အဓိက ကတော့ Tuvalu တူဗာလူး လို့ ခေါ်တဲ့ ကျွန်းနိုင်ငံသေးလေးနဲ့  ကိုပေဟီဂန်အစည်းအဝေး ဥက္ကဌကြားကပြသနာပေါ့..တူဗာလူးဆို တာ လူဦးရေ ၁၀၀၀၀ပဲရှိနဲ ကမ္ဘာတတိယလူဦးရေအနဲဆုံးနိုင်ငံလေးပေါ့။သြစတြေးလျနဲ့ ဟာဝိုင်ရီကြား ပစိဖိတ်သမုဒ်ဒရာထဲက ကျွန်းစုနိုင်ငံလေးလေ။ ကျွန်းသေးလေးက ၅ခု သန်တာကျောက်တန်းက ၄ခုနဲ့ ဖွဲ့ စည်းထားတာ..ရာသီဥတုပြောင်းလဲမှုကြောင့်ပင်လယ်ရေတွေမြင့်တက်လာတာနဲ့ တပြိုင်နက် ကမ္ဘာ့မြေပုံပေါ်ကပျောက်သွားမှာ။ စနေ နေ့က တူဗာလူးက ကိုယ်စားလှယ်တော် Ian Fry ကရာနဲ့ ချီတဲ့ ကိုယ်စားလှယ်တွေရှေ့ မှာ ကျွန်တော်ဒီနေ့ မနက် ငိုရင်းနဲ့ အိပ်ရာကလန့်နိုးလာတယ်။ယောက်ျားရင့်မကြီးအနေနဲ့ခုလိုဝန်ခံရရတာအရမ်းရှက်ပါတယ်။ဒါပေမယ့်ကျွန်တော့်နိုင်ငံရဲ့ ကံကြမာကအားလုံးရဲ့ လက်ထဲမှာပါလို့ ရှိုက်သံကြီးနဲ့ ပြောသွားတယ်။သူ့ ရဲ့ အဆိုပြုချက်ထဲမှာ ကမ္ဘာ့ အပူချိန်ကို ၁.၅ ဒီဂရီလျှော့ ချဖို့ ပြောထားတယ်။ အခုလောလောဆယ်လျာထားတာက ၂ဒီဂရီဆိုတော့ India, China, Saudi Arabia နဲ့ တခြားရေနံထွက်တဲ့ နိုင်ငံတွေကအပြင်းအထန်ကန့် ကွက်ကြတယ်။

သူက အစည်းအဝေး ဥက္ကဌကြီးကို ဒီလို နိုင်ငံကြိးတွေကိုစောင့်ပြီး ဟိုမရောက်ဒီမရောက်တစ်နေတာမဖြစ်သင့်ဘူးတဲ့ ။ခုက US မှာ ဥပဒေထုတ်လို့ မရသေးဘူးလေ။ သူကအဲဒါကိုစောင်းပြောတာ။ အိုဘားမားကိုလဲ သူရထားတဲ ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆိုကိုအားနာသောအားဖြင့် ၁ ကမ္ဘာလုံးကိုခြိမ်းခြောက်နေတဲ့ပြသနာကြီးကိုမြန်မြန်ကိုင်တွယ်ဖြေရှင်းသင့် ပါတယ်တဲ့ ။့

တူဗာလူးလို့ အလားတူကျွန်းနိုင်ငံလေးတွေအများကြီးရှိတယ်။ ရာသီဥတုပြောင်းလဲမှုကိုအမြန်ဆုံးအရေးတယူမလုပ်ရင် ကမ္ဘာ့မြေပုံပေါ်ကထာဝရပျောက်ကွယ်သွားမယ့်နိုင်ငံလေးတွေပေါ့…

ဒါက ကွန်ဖရန့် စလုပ်တဲ့ Bella Center ထဲမှာဖြစ်တာ။မြို့ထဲ မှာတော့ ဆန်ဒပြကြတယ်…လူ၃သောင်းလောက်ရှိမယ်…

ဒါကြောင့်ဒီကိုပေဟီဂန်မှာ ကမ္ဘာလုံးကလာပြီးတူဗာလူးလိုနိုင်ငံလေးတွေတို့ အတွက်ရောလူသားအားလုံးအတွက်ရော ရာသီဥတုဆိုင်ရာတရားမျှတမှုအတွက်ရပ်တည်ဆန်ဒပြကြတာ…ဆန်ဒပြတဲ့ လူတွေကငြိမ်းငြိမ်းချမ်းချမ်းပါ။ Flood Actionလို့ခေါ်တဲ့ မိုးကာပြာဝတ်ပြီး မြို့ တော်ခန်းမဆီကိုသွားပီးအဲဒီမှာရှိတဲ့ ယာယီအဆောက်အအုံလေးတွေကိုဖြိုချကြတယ်။ ရေကြီးပြီးလှိုင်းလုံးတွေလာတဲ့ ပုံစံပေါ့။ အဲဒီကနေဆက်ပီး 350, YUNGO စတဲ့ NGO တွေဦးဆောင်တဲ့ လူငယ်တွေကBella Centerကိဆက်သွားကြတယ်။တချို့ တွေက “Save Humans” လူသားတွေကိုကယ်တင်ပါ”လို့ ရေးထားတဲ့ ပင်ဂွင်းဝတ်စံတွေဝတ်ပီးလမ်းလျောက်ကြတယ်။ လမ်းတလျှောက်မှာတော့ မီးပန်းတွေဖောက်ကြ။ပစ်စည်းတွေမီးရို့ ပြတင်းပေါက်မှန်တွေခွဲကြတာတွေရှိတယ်။့ ကားလမ်းတွေအကုန်ပိတ်။ဘတ်စကားတွေလဲပိတ်မိပေါ့။ဖမ်းတာကတော့တချို့ ကရဲကားမှန်တွေကိုခွဲတဲ့ အချိန်မှာစတာ။လုံခြုံရေးကတော့ Denmark ကရဲတွေအပြင် UN ကအင်အားတွေပါထပ်ဖြည့်ထားတယ်။ရဟတ်ယာဉ်တွေရောပေါ့။

သောကြာနေ့ က ၆၈ ယောက်။ စနေ့ နေ့ က ၉၅၈ ယောက်။ တနင်းဂနွေနေ့ က ၂၅၇ ယောက်ကိုဖမ်းလိုက်တယ်။လူ့ အခွင့်အရေးဆိုင်ရာအဖွဲ့ အစည်းတွေကရဲတွေကိုအကြမ်းဖက်မှုနဲ့ စွပ်စွဲကြတယ်။ အဲဒီဆန်ဒပြပွဲတွေကအစည်းအဝေးမပြီးမချင်းဆက်ဖြစ်နေဦးမှာ။ စနေနေ့ ကသြစတြေးလျနိုင်ငံ မဲလ်ဘုန်းမှာအကြီးဆုံးဆန်ဒပြပွဲလုပ်ကြတယ်။ နောက်ဆုံးလူတွေကမြေပြင်ပေါ်မှာ “Safe Climate-Do it” ဆိုပြီးစာလုံးပေါင်းကြတယ်။အဲဒါကို လေထဲကဓာတ်ပုံရိုက်ထားပီး ဒီကိုပေဟီဂန်က ခေါင်းဆောင်တွေဆီကိုပို့ ပေးဖို့ ပေါ့.။

နာမည်ကြီး တွေဖြစ်တဲ့  Bollywood မင်းသား Rahul Bose, မော်ဒယ်လနဲ့ ဓာတ်ပုံဆရာ  Helena Chrestensen နဲ့  ယူနိုက်တက်နေးရှင်း လူ့ အခွင့် အရေးဆိုင်ရာအကြီးအကဲ ဟောင်း Mary Robinson တို့ ကလဲဒီဆန်ဒပြပွဲတွေမှာပါမယ်တဲ့ ။

မနေ့ က တော့(Sunday) အာဖရိကနိုင်ငံတွေကိုယ်စားလှယ်တွေက နောက်သုံးရက်အတွင်း စာချုပ်မှာပါမယ့်အချက်တွေကိုအပြီးဆွေးနွေးမပေးရင် နှုတ်ထွက်မယ်လို့ ခြိမ်းခြောက်တယ်။ သူတို့ နိုင်ငံကြီးတွေက ကိုယ်စားလှယ်တွေကိုသက်သက်မဲ့နောက်ဆုံးနေ့  ကမ္ဘာ့ခေါင်းဆောင်တွေလာတဲ့ အထိရောက်အောင်အချိန်ဆွဲနေတယ်တဲ့ ။ အခုမှ သေသေချာချာစမဆွေးနွေးရင် နောက်ဆုံးနေ့ မှာ ခေါင်းဆောင်ကြီးတွေလက်မှတ်ထိုးစရာစာချုပ်ရှိမှာမဟုတ်ဘူးလေ။ ခုလာမယ့်၃ရက်အတွင်းမှာဓာတ်ငွေ့ ထုတ်လွှတ်မှု၊ငွေကြေးနဲ့ သစ်တောပြုန်းမှုတွေကိုဆွေးနွေးမယ်။ Bella Center ထဲမှာတော့ လူငယ်လေးတွေကနည်းပေါင်းစုံနဲ့ ကိုယ်စားလှယ်တော်တွေကိုနားချဖို့ ကြိုးစားနေကြလေရဲ့ ။

Advertisements
One Comment leave one →
  1. Htet Aung permalink
    12/16/09 11:15 am

    You wrote really well. I forget it was written by non-native student (the English part).
    It feels like that conference is not going anywhere.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: